နိုင်ပွဲဆက်နေသည့် ကယန်းလက်ဝှေ့မယ်ဘရော်နီကာ ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်အား အမှတ်ဖြင့်ထပ်မံအနိုင်ရခဲ့

0
312

မြန်မာနိုင်ငံသူ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ သည် အောက်တိုဘာ ၂၉ ရက်ညပိုင်းက ယှဥ်ပြိုင်ခဲ့သည့် Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ်အား အမှတ်ဖြင့်ထပ်မံအနိုင်ရခဲ့ကြောင်း သိရသည်။

Thai Fight မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲအား ထိုင်းနိုင်ငံ၊လာ့ဘူရီမြို့၌ကျင်းပရာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာနှင့်ထိုင်းနိုင်ငံသူ မွေထိုင်းလက်ဝှေ့မယ် ဖယာဆင်တို့သည် ၃ ချီယှဥ်ပြိုင်ခဲ့ပြီးနောက် ကယန်းလက်ဝှေ့မယ် ဘရော်နီကာမှ အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ Thai Fight ပြိုင်ပွဲတွင် ၁၅ ပွဲယှဥ်ပြိုင်ထိုးသတ်ထားပြီးနောက် ၁၄ ပွဲအနိုင်ရရှိထားကာ ၅၃ ကီလိုဝိတ်တန်း အမျိုးသမီးမွေထိုင်းလက်ဝှေ့၏ ကမ္ဘာ့ချန်ပီယံဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here