ရနောင်းခရိုင်တွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၇) ဦးဖမ်းဆီးခံရ

0
392

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်ညပိုင်း (၆) နာရီခွဲခန့်က ရနောင်းခရိုင်မှ တာဝန်ရှိသူများသည် ခရိုင်အတွင်း ၌ လှည့်လည်စစ်ဆေးမှုများပြုလုပ်စဥ် ဖန်ငါခရိုင်ဘက်သို့ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ပစ်ကပ်ကားအား စစ်ဆေးရန်တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ ဖန်ငါခရိုင်တွင် ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးရာ ကားပေါ်၌ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှင့်အတူ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား အမျိုးသား (၄) ဦးနှင့်အမျိုးသမီး (၃) ဦး စုစုပေါင်း (၇)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံ ဥပဒေအရအရေးယူရန် ရနောင်းခရိုင်၊ စူခ်စမ်ရာန်ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here