ဓာတ်ဆီဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ဒီဇယ်ဈေးနှုန်းကျဆင်းလာ

0
181

ယခုတစ်ပါတ်အတွက် ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းသည် ဓာတ်ဆီဈေးနှုန်းမြင့်တက်လာပြီး ဒီဇယ်ဈေးနှုန်းကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။

ယနေ့ထုတ်ပြန်ထားသည့် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၈၀ ကျပ်၊ ၉၅ တစ်လီတာ ၂၁၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂၂၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၃၅၀ ကျပ်ဖြစ်သည်။

သို့သော် ယင်းစက်သုံးဆီဈေးနှုန်းကို တစ်ပါတ်တစ်ကြိမ် သတ်မှတ်ထုတ်ပြန်ပေးခြင်းသည် အဆင်မပြေကြောင်း အငှားယာဉ်မောင်းများက ပြောပြချက်အရ သိရသည်။

” ဈေးနှုန်းကို တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးတာ အဆင်မပြေဘူး။ အခုဆိုရင် သုံးပတ်ရှိပြီ။ အကျမရှိဘူး။ အတတ်ဈေးနဲ့ပဲ တစ်ပါတ်လုံးမောင်းရတာ မကိုက်ဘူး။ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးနေတာကမှ အဆင်ပြေသေးတယ်” ဟုအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှု‌ရှိစေရန်အတွက် အစိုးရက အပတ်စဉ် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်ပေးနေခြင်းလည်း ဖြစ်သည်။

ယခင်တစ်ပါတ် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၆၅ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၁၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၄၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here