မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ပေါ်ဦး ရတနာရွှေဆိုင် ဓ-ါးပြတိုက်ခံရမှုကြောင့် ကျပ်သိန်း (၁၂၀၀)ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ လုယက်ခံလိုက်ရ

0
265

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြားရှိ ပေါ်ဦး ရတနာရွှေဆိုင်တွင် အောက်တိုဘာ (၃၀)ရက် နံနက် (၈) နာရီခွဲအချိန်ခန့်က ဓ-ါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း (၁၂၀၀)ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ လုယက်ခံလိုက်ရကြောင်း သတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၄၁ နှင့် ၄၂ လမ်းကြားရှိ ပေါ်ဦး ရတနာရွှေဆိုင်တွင် အောက်တိုဘာ (၃၀)ရက် နံနက် (၈) နာရီခွဲအချိန်ခန့်က စိစစ်ဆဲ အမျိုးသား (၄)ဦးမှ ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ထံ အသင့်ပါလာသည့် ‌ေ-သနတ်အတိုဖြင့် ရွှေဆိုင်ကောင်တာကို ပစ်ခတ် ဓါ-းပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရွှေဆိုင်ကောင်တာထဲရှိ ဆွဲကြိုး အကုံး (၄၀)ခန့်၊ ရွှေကလစ် အခု (၃၀) ခန့် စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း (၁၂၀၀) ခန့်ရှိ ရွှေထည်ပစ္စည်းမျိုးစုံကို လုယက်ယူဆောင် ထွက်ပြေသွားကြောင်း သိရသည်။

ထိုသို့ ဓါ-းပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ ရောက်ရှိကာ ပိတ်ဆို့ စစ်ဆေးများ ပြုလုပ်ခဲ့ပြီး အခင်းဖြစ်ပွားရာ ရွှေဆိုင်အနီးတွင် မန္တလေးမြို့ဈေးနှင့် ရွှေဆိုင်အများအပြား ဖွင့်လှစ်ရောင်းချသည့် ဆိုင်များရှိပြီး ရွှေထည်အဟောင်း ပြန်ဝယ်သည့် လမ်းနဘေး ရွှေရောင်းဝယ်ရေး ဆိုင်များရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂၁ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ပေါ်ဦး ရတနာရွှေဆိုင်မှာလည်း ဓ-ားပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း (၁၀၀၀) ကျော် တန်ဖိုးရှိ ရွှေပိဿာနှင့်ချီကာ ဓါ-းပြတိုက် လုယက်ယူဆောင်မှု ခံခဲ့ရသေးကြောင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here