ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒေါ်လာ ၃၉ သန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများတင်သွင်းခဲ့

0
349

ယခုဘဏ္ဍာနှစ် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၃၉ သန်းကျော်တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကို ပယ်လယ်ရေကြောင်းမှတဆင့် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ တင်သွင်းရာတွင် ဒေါ်လာ ၃၉ ဒသမ ၄၉၈ သန်းတန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းတန်ချိန် ၂၀၀၀ ခန့် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးဝါးများကို အာဂျင်တီးနားနိုင်ငံ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက်ပရပ်စ်နိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ အီတလီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ CMP ကုန်ကြမ်းများ၊ ဆေးနှင့် ဆေးပစ္စည်းတို့ကို ပြန်လည်တင်သွင်းခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here