သံဖြူဇရပ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မိကာ (၁) ဦး‌ေ-သဆုံးပြီး (၁) ဦးဒဏ်ရာရ

0
122

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းမကြီး၏ ကြာကန်စျေးရှေ့တွင် ယနေ့ အောက်တိုဘာ ၃၀ ရက် ညနေ (၄) နာရီခန့်က ဆိုင်ကယ်နှင့် ကားတိုက်မိခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

“ဆိုင်ကယ်မောင်းတဲ့လူကော နောက်က ထိုင်လိုက်လာတဲ့လူကော ဒဏ်ရာရတယ်။ အဲဒီ (၂) ယောက်ထဲက တစ်ယောက်က ဒဏ်ရာပြင်းထန်တဲ့အတွက် အရေးပေါ်ကုသပေးပြီးတာနဲ့ ချက်ခြင်းဆေးရုံကို ပို့ပေးခဲ့ပေမယ့် ဆေးရုံရောက်တဲ့ အချိန်မှာပဲ‌ေ-သဆုံးသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရသူ (၂) ဦးအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းနှင့် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းတို့မှ သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-စေတနာရှင်အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here