နှစ်စဉ် ပြည်ပရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိ

0
266

ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာလမတိုင်ခင်နှင့် ကိုဗစ်ကာလတွင်လည်း ယင်းပမာဏအတိုင်း တင်ပို့ခဲ့ခြင်းဖြစ်သည့်အတွက် တင်ပို့မှုမလျော့ကျခဲ့ကြောင်း သိရသည်။

“ရေထွက်ကုန်ကို ပင်လယ်ရေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းကနေ တင်ပို့တယ်။ ရေချို၊ ရေငန်နှစ်မျိုးဆိုပြီး တင်ပို့တယ်။ ဒီဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ သန်း ၈၀၀ နီးပါးရရှိဖို့ မျှော်လင့်ထားတယ်”ဟုရန်ကုန်တိုင်းဒေသကြီး ၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်း လေကြောင်းနှင့် နယ်စပ်ထွက်ပေါက်များမှတဆင့် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၅၀၀၀) ကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၂၇၆) သန်းကျော်ရရှိထားပြီး တရုတ်နှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေထွက် ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန် နှင့် ဥရောပနိုင်ငံများသို့တင်ပို့လျက်ရှိပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများက တဆင့်လည်း ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့ လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here