အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမှ ကြေးတံဆိပ် ၃ ဆု ရရှိခဲ့

0
272

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Hangzhou မြို့၌ကျင်းပခဲ့သည့် (၄)ကြိမ်မြောက်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၂၂)ရက်မှ(၂၈)ရက်နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲ၌မြန်မာကစားသမားစိုးပေသည် အမျိုးသားမီတာ(၂၀၀)အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)နှင့်အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲ (ဆေးအဆင့်T64)တွင် ကြေးတံဆိပ်တစ်ခုစီနှင့် အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲ(ဆေးအဆင့်T64) တွင် လော်လာဝင်းတို့က တတိယကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်ဥက္ကဌဗိုလ်ချုပ်လှမိုး၊အတွင်း‌ရေးမှူး၊နည်းပြ၊အုပ်ချုပ်သူနှင့်အားကစားသမားများ ယနေ့ အောက်တိုဘာ ၃၀ ရက် မွန်းလွဲပိုင်းကရန်ကုန်မြို့သို့ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီးဦးအောင်၀င်းသိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်မိုးနှင့်တာ၀န်ရှိသူများ၊မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ၀န်ရှိသူများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများကြိုဆိုကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ အာရှမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့သည် ပြေးခုန်ပစ်၊ ရေကူးနှင့် ထိုင်လျက်ဘော်လီဘော အားကစားနည်း (၃)နည်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here