ချွန်ဖော်ခရိုင်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၅ ဦးဖမ်းဆီးခံရ

0
200

ထိုင်းနိုင်ငံ၊ချွန်‌ဖော်ခရိုင်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ချွန်ဖော်ခရိုင်မှ တာဝန်ရှိသူများသည် အောက်တို ဘာ ၂၉ ရက်ည ၁၀ နာရီခန့်က ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်ကာ ၎င်း၏ဇနီးဖြစ်သူနှင့်ကလေးငယ်မောင်းနှင်လိုက်ပါလာသည့် ပစ်ကပ်ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ပစ်ကပ်ကားပေါ်၌ ကော့သောင်းမြို့မှ ရနောင်းခရိုင်သို့ဝင်ရောက်လာပြီး နခေါဆီထမ်မရာချ်တွင်အလုပ်လုပ်ကိုင်ရန် တရား မဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ မြန်မာနိုင်ငံသားများသည် နခေါဆီထမ်မရာချ်တွင်အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် ၂၇၀၀၀ ပေးချေခဲ့ရကြောင်းဖော်ထုတ်သိရှိရသဖြင့် ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here