၈ ကြိမ်မြောက် ရွှေဘောလုံးဆုကို ရရှိသွားတဲ့မက်ဆီ

0
418

လီယွန်နယ်မက်ဆီဟာ သူ့အတွက် ၈ ကြိမ်မြောက် ရွှေဘောလုံးဆုကို ရရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အဓိကဖလား (၃) လုံးနဲ့ သွင်းဂိုး (၅၂) ဂိုးအထိ ရရှိခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းကိုကျော်ပြီး ဒီဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ရရှိခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားဆုကိုလည်း ရရှိခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရရှိသွားတာလည်းဖြစ်ပါတယ်။
အခုဆို မက်ဆီဟာ ရွှေဘောလုံးဆု ၈ ကြိမ်နဲ့ ဥရောပ ရွှေဖိနပ်ဆု ခြောက်ကြိမ်အထိ ရရှိသွားပြီဖြစ်ပါတယ်။

မနေ့ညက ပြင်သစ်အားကစားပညာရှင်များမဲပေးရွေးချယ်တဲ့ Ballon d’Or ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို မက်ဆီ၊ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ဘွန်မာတီ၊ အကောင်းဆုံး အမျိုးသားအသင်းကို မန်စီးတီး၊ အကောင်းဆုံး အမျိုးသမီးအသင်းကို ဘာစီလိုနာ၊ အကောင်းဆုံတိုက်စစ်မှုးဆုကို ဟာလန်း၊ အကောင်းဆုံးဂိုးသမားဆုကို မာတီနက်ဇ်၊ လူသားအကျိုးပြုကြိုးပမ်းမှုဆုကို ဗန်နီစီယပ်၊ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဘယ်လင်ဟမ် တို့က ရရှိခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here