နမ့်ခမ်းမြို့အတွင်းသို့ TNLA အဖွဲ့ဝင်များ၏ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုကြောင့် ကလေ-းငယ် ၂ ဦး‌ေ-သဆုံးကာ ကလေ-းငယ် ၁ ဦးပြင်းထန်ဒဏ်ရာရ

0
243

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နမ့်ခမ်းမြို့အတွင်းသို့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက TNLA အဖွဲ့ဝင်များ၏ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်မှုကြောင့် ကလေ-းငယ် ၂ ဦး‌ေ-သဆုံးကာ ကလေ-းငယ် ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့နံနက် ၅ နာရီခန့်က TNLA အဖွဲ့ဝင်များသည် နမ့်ခမ်းမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံးများသည် မြို့အတွင်းရှိ သာယာကုန်းရပ်ကွက်အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် သာယာကုန်းရပ်ကွက်နေ အသက်(၁၂)နှစ်နှင့် (၉)နှစ်အရွယ်ရှိ ကလေ-းငယ် ၂ ဦး‌ေ-သဆုံးခဲ့ကာ အသက်(၄)နှစ်အရွယ်ရှိ ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် နမ့်ခန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များမှလည်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here