ဘင်္ဂလားဒေ့ရှ်ဘက်မှ အဝယ်လိုက်ခြင်းကြောင့် ကြက်သွန်ဈေးနှုန်းမြင့်တက်လာ

0
187

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ကြက်သွန်ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ အဝယ်လိုက်ခြင်းကြောင့် ယခုရက်ပိုင်းအတွင်း တစ်ပိဿာ (၇၀၀) အထိ မြင့်တက်လာကြောင်း ပွဲရုံများမှ စုံစမ်းသိရှိရသည်။

” တရုတ်ဘက်က လမ်းကြောင်းမကောင်းတော့ ဘယ်သူမှ မပို့ရဲဘူး။ အဓိက မြဝတီနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တင်ပို့တယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်လာတယ်။ ဈေးတွေလည်း တက်လာတယ်”ဟု မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ စိုက်ပျိုးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ကြက်သွန်တန်ချိန် ၂၀၀ ဝယ်ယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေဖြင့် တနှစ်လျှင် ကြက်သွန်နီပိဿာချိန် သိန်း (၆၀၀) ခန့် ထွက်ရှိပြီး ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားနှင့် ကျောက်ဆည်နယ်တို့တွင် စိုက်ပျိုးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here