ကျိုင်းတုံမြို့ရှောင်လမ်းအနီးတွင် ဆိုင်ကယ်တိမ်းမှောက်ပြီး မောင်းနှင်လာသူ ‌ေ-သဆုံးခဲ့

0
451

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံမြို့ရှောင်လမ်းအနီးတွင် ယနေ့ အောက်တိုဘာ (၃၁)ရက် နံနက် (၈) နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးတိမ်းမှောက်ပြီး မောင်းနှင်လာသူ‌ေ-သဆုံးသွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ သိရသည်။

“ကျိုင်းတုံမြို့ရှောင်လမ်းနားမှာဖြစ်သွားတာ။ မှောက်တဲ့အရှိန်နဲ့ မောင်းလာတဲ့လူက ကတ္တရာလမ်းနဲ့ ခေါင်းတိုက်ရိုက်ထိသွားတော့ အခင်းဖြစ်နေရာမှာပဲ ‌ေ-သဆုံးသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ‌ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းအား တိုင်းနေနာရေးကူညီမှုအသင်းမှ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တိုင်းနေနာရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here