ဂါဇာကမ်းမြှောင်သို့ အစ္စရေးတပ်များ တိုးမြှင့်ချထားကာ စစ်ဆင်ရေး တိုးချဲ့

0
465

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြှောင်သို့ တပ်ဖွဲ့ဝင်များ ထပ်မံတိုးမြှင့် ချထားကာ နယ်မြေအတွင်း မြေပြင်စစ်ဆင်ရေး အတိုင်းအတာကို ဆက်လက်တိုးချဲ့နေကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)၏ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့သည်။

IDF တပ်ဖွဲ့များသည် ဂါဇာကမ်းမြှောင်တွင် မြေပြင်စစ်ဆင်ရေးကို ဆက်လက်တိုးချဲ့လျက်ရှိသည်။ ထပ်မံတိုးမြှင့် ဖြည့်တင်းလိုက်သော ခြေလျင်၊ သံချပ်ကာနှင့် တိုက်ခိုက်ရေး အင်ဂျင်နီယာတပ်ဖွဲ့များသည် ကုန်းကြောင်း၊ ဝေဟင်နှင့် ပင်လယ်ရေကြောင်းတို့ဖြင့် ဂါဇာသို့ ထပ်မံဝင်ရောက်နေကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဂါဇာကမ်းမြှောင်မှ အစ္စရေးပိုင်နက်ကို ပါလက်စတိုင်းဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်က ရုတ်တရက် တိုက်ခိုက်ခဲ့ရာ ယင်းဒေသတွင် အခြေချနေထိုင်သူများ ‌ေ-သဆုံးခဲ့ပြီး ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဟားမတ်စ်တို့၏ ဓ-ားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။ ၎င်းတို့၏တိုက်ခိုက်မှုသည် ဂျေရုဆလင်မြို့ဟောင်း ဘုရားကျောင်းတောင်ပေါ်ရှိ Al-Aqsa ဗလီတွင် အစ္စရေးအာဏာပိုင်များကပြုလုပ်ခဲ့သည့် ပြင်းထန်သော လုပ်ရပ်အတွက် တုံပြန်မှုဖြစ်ကြောင်း ဟားမတ်စ်တို့က ဆိုသည်။ အစ္စရေးတို့သည် ဂါဇာကမ်းမြှောင်ကို လုံးဝပိတ်ဆိုထားကြောင်း ကြေညာခဲ့ပြီး ဂါဇာအပြင် လက်ဘနွန်နှင့် ဆီးရီးယားရှိ အချို့နေရာများတွင်ပါ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ အနောက်ဘက်ကမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here