(၅၆) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေ ကျပ် ၆ ဒသမ ၂ ဘီလီယံကျော်ရရှိ

0
491

(၅၆) ကြိမ်မြောက် အောင်ဘာလေသိန်းဆုအတွက် ထီလက်မှတ်ရောင်းရငွေမှာ ကျပ် ၆ ဒသမ ၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ထုတ်ပြန်ထားသည်။

နိုဝင်ဘာ (၁) ရက်တွင် ကျင်းပမည့် (၅၆) ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ဋ” အက္ခရာအထိ ထီစာအုပ် ၆၂၃,၂၉၂ အုပ်အထိ ရောင်းချနိုင်ခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

ထို့အပြင် ထီလက်မှတ်ရောင်းရငွေမှာ ကျပ် ၆၂၃၂ ဒသမ ၉၂ သန်း (ကျပ် ၆ ဒသမ ၂ ဘီလျံကျော်) ဖြစ်ပြီး ယင်းပမာဏ၏ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ် ၄၃၆၃ ဒသမ ၀၄၄၀ သန်း (ကျပ် ၄ ဒသမ ၃ ဘီလျံကျော်) ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၇၀ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်မည့် ထီဆုများနှင့် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကို ပြန်လည်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။

အောင်ဘာလေဆုများအနေဖြင့် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆု၊ ကျပ်သိန်းတစ်ထောင် တစ်ဆု၊ ကျပ်သိန်းငါးရာ ငါးဆု၊ ကျပ်သိန်းနှစ်ရာ ခြောက်ဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၈ ဆု၊ ကျပ်ဆယ်သိန်း ၁၈ ဆုများအပြင် ဝေဝေဆာဆာပဒေသာဆုများကိုလည်း ချီးမြှင့်သွားမည်ဖြ စ်ကြောင်း သိရသည်။

ထို့ပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ မှ ကျပ်ဆယ်သိန်း လေးဆု၊ ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း ၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂,၀၀၀ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here