စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၄၅၇၀ သတ်မှတ်

0
352

ယခုတစ်ပါတ်အတွက် စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၄၅၇၀ ဖြစ်ကြောင်းစားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

အဆိုပါ ရည်ညွှန်းဈေးကို အောက်တိုဘာလ (၃၁) ရက်မှ နိုဝင်ဘာလ (၅) ရက်အထိအတွက် သတ်မှတ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်ထက် ၁၅၅ ကျပ် ကျဆင်းလာကြောင်း သိရသည်။

ပြီးခဲ့သည့်တစ်ပါတ်တွင် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၄၇၂၅ ကျပ်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

လက်ရှိတွင် ပြင်ပဈေးကွက်အတွင်း၌ စားအုန်းဆီတစ်ပိဿာ ၉၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး အလွယ်တကူဝယ်ယူ၍မရကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here