သစ်သီးတင်ပို့ရမည့် ရာသီချိန်ဖြစ်သော်လည်း တိုက်ပွဲကြောင့် တင်ပို့မှုရပ်နားထားဟုဆို

0
184

ယခုရာသီသည် သစ်သီးပေါ်ချိန်ဖြစ်ပြီး တရုတ်ဘက်သို့ တင်ပို့သည့် ကာလဖြစ်သော်လည်း တိုက်ပွဲများကြောင့် တင်ပို့မှုရပ်နားထားကြောင်း သစ်သီးပွဲရုံများထံမှ သိရသည်။

” အခုကတော့ တိုက်ပွဲတွေဖြစ်နေလို့ ဘာမှလုပ်လို့မရဘူး။ အကုန်လုံးရပ်နားထားရတာပေါ့။ ထွက်သွားတဲ့ကားတွေကတော့ လမ်းမှာပိတ်မိကုန်တယ်။ ဘာမှလုပ်လို့လည်းမရဘူး”ဟု မန္တလေးရှိ သစ်သီးပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအောက်တိုဘာလကုန်ပိုင်းတွင် ဖရဲရာသီအစဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ဖရဲကားများပိတ်မိနေကာ အသီးများပုပ်၍ လွှင့်ပစ်ရသည့် အခြေအနေများရှိနေကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ အဓိကအများဆုံးတင်ပို့နေကြောင်းသိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ (၂၅) မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး လက်ရှိ စျေးကွက်အတွင်း မသေချာမရေရာမှုများကြောင့် ကုန်သည်များနှင့် စိုက်ပျိုးတောင်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here