အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေးကိုပယ်ချ

0
291

ဂျေရုဆလင်၊အောက်တိုဘာ ၃၁

ဂါဇာကမ်းမြောင်ဒေသသို့ လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ အလုံအလောက်မရောက်ခြင်းကို ကုလကသတိပေးခဲ့ပြီး ထိုသတိပေးချက်နှင့်ပတ်သက်၍ အစ္စရေးကမူ ၎င်းတို့အနေဖြင့် ယခုဟားမတ်စ်နှင့်ဖြစ်သည့်စစ်ပွဲ၌ နောက်ဆုတ်မည်မဟုတ်သကဲ့သို့ အပစ်အခတ်ရပ်စဲမည်မဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ဘက်မှစတင်တိုက်ခိုက်ခဲ့သော တိုက်ခိုက်မှုအားတုံ့ပြန်သည့်အနေဖြင့် ဟားမတ်စ် တို့ အခြေစိုက်ရာ ဂါဇာကမ်းမြောင်သို့ အစ္စရေးဘက်မှလေကြောင်းဖြင့်ပြန်တိုက်ခိုက်ခဲ့ရာ အစ္စရေးသမိုင်းတစ်လျှောက်အသေအပျောက်အများဆုံးဖြစ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကမူ အပစ်အခတ်ရပ်စဲပါကဟားမတ်စ်များထံလက်နက်ချရာ ရောက်သဖြင့် အပစ်အခတ်ရပ်စဲရေးကိုမလုပ်နိုင်‌ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

အစ္စရေး၏အဓိကမဟာမိတ်ဖြစ်သော အမေရိက အနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို လက်မခံနိုင်ကြောင်းေပြာခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသည် အဖြေမှန်မဟုတ်ဘဲ အထောက်အပံ့ များ ကို ပိုမို‌ ပေးပို့နိုင်ရန်သာကြိုးစားသင့်သည်ဟုလည်း နိုင်ငံတော်လုံခြုံရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီကပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here