ပင်လုံမြို့တွင် နေအိမ်တစ်လုံး၌မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး‌ေ-သဆုံးခဲ့

0
245

ရှမ်းပြည်နယ်၊လွိုင်လင်မြို့နယ်၊ပင်လုံမြို့တွင် အောက်တိုဘာ ၃၁ ရက်ညပိုင်းက နေအိမ်တစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယမန်နေ့ည ၇ နာရီ ၅၅ မိနစ်ခန့်က လွိုင်လင်မြို့နယ်၊ပင်လုံမြို့၊အမှတ်(၂)ရပ်ကွက်၊ရွှေပြည်သာရပ်၊ရေထွက်ဦးလမ်းရှိ နေအိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ လွိုင်လင်မြို့နယ်မီးသတ်စခန်း၊ပင်လုံနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် ည ၈ နာရီခွဲတွင် မီးငြှိမ်းသွားခဲ့ပြီး နေအိမ်မီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး‌ေ-သဆုံးသွားခဲ့သဖြင့် ပင်လုံမြို့တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကာ မီးလောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here