အာဆီယံယဉ်ကျေးမှုနေ့ အခမ်းအနားတွင် မြန်မာသံရုံးမှ မြန်မာ့သင်္ကြန်ရိုးရာယိမ်းအကဖြင့်ဖျော်ဖြေခဲ့

0
172

ဝါရှင်တန်မြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများနှင့် Associates of the American Foreign Service Worldwide (AAFSW)အသင်းတို့ ပူးတွဲကျင်းပသည့် အာဆီယံယဉ်ကျေးမှုနေ့အခမ်းအနားသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းတက်ရောက်ခဲ့ပြီး မြန်မာသံရုံးဝန်ထမ်းများမှလည်း မြန်မာ့သင်္ကြန်ရိုးရာ ယိမ်းအကဖြင့်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါ အာဆီယံယဉ်ကျေးမှုနေ့ အခမ်းအနားကို အောက်တိုဘာ (၃၀) ရက် နံနက် (၁၁) နာရီက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရှိ Dean Acheson Auditorium ခန်းမတွင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာသံရုံးမှ မြန်မာ့သင်္ကြန်ရိုးရာယိမ်းအကဖြင့် ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများတည်ခင်းဧည့်ခံကာ မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် မြန်မာ့ရှုခင်းသာ ဗီဒီယိုပြကွက်များကိုလည်း မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here