ဦးပိန်တံတား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ယနေ့ ညနေပိုင်းပြီးစီးမည်

0
248

ပြီးခဲ့သည့် အောက်တိုဘာ (၂၉) ရက် သီတင်းကျွတ် လပြည့်နေ့က ကျိုးကျခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားကို ပြန်လည်ပြင်ဆင်လျက်ရှိရာ ယနေ့ ညနေပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

သီတင်းကျွတ် လပြည့်နေ့တွင် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများပြားသည့်အတွက် တံတားအခန်းအမှတ် (၃၃၉)နှင့် (၃၄၀)ရှိ (၈)ပေ (၂)ခန်း ကျိုးကျခဲ့ခြင်းဖြစ်သည်။

ဦးပိန်တံတားကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အောက်တိုဘာ (၂၉) ရက်ကပင် ပစ္စည်းများ စတင်စုဆောင်းခဲ့ပြီး အောက်တိုဘာ (၃၀) ရက်တွင် စတင်ပြုပြင်ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာ (၁)ရက် ညနေပိုင်း ပြီးစီးမည်ဖြစ်ကြောင်း တံတားပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် တာဝန်ရှိသူတို့က ဆိုသည်။

ဦးပိန်တံတားသည် နှစ်ပေါင်း (၁၇၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပြန်လည်ပြုပြင်ထိန်းသိမ်းရာ၌ မူလရှေးမူမပျက်စေရန် ကျွန်းတိုင်များ သစ်မာများနှင့် အစားထိုးအသုံးပြုပြုပြင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here