ရွှေနှင့်‌ငွေ‌လဲနှုန်းကျလာသော်လည်း ဈေးကွက်အတွင်းအရောင်းအဝယ်အေးနေ

0
381

အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး ရွှေနှင့်‌ငွေလဲနှုန်းအကျဘက်သို့ ဦးတည်လာသော်လည်း ဈေးကွက်အတွင်းအရောင်းအဝယ်အေးနေဆဲကြောင်း သိရသည်။

သီတင်းကျွတ်ကာလအပြီး ရွှေအရောင်းအဝယ်ပြန်ဖြစ်ရန် မျှော်လင့်ထားသော်လည်း လက်တွေ့တွင်အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

” သီတင်းကျွတ်ကာလပြီးတော့လည်း အရောင်းအဝယ်ကအေးနေတုန်းပဲ။ ကမ္ဘာ့ရွှေဈေးက စစ်ဖြစ်လို့တက်တယ်။ ပြည်တွင်းရွှေဈေးကတော့ အတတ်အကျငြိမ်နေတယ်။ ဒေါ်လာကလည်း ငြိမ်နေတယ်။ ဒီနှစ်ကုန်ထိ အရောင်းအဝယ်ကအေးဦးမှာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ရွှေဈေးနှုန်းသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် ရည်ညွန်းဈေးသည် အကယ်ဒမီ မီးလင်းရွှေ‌တစ်ကျပ်သားလျှင် ၃၀၉၃၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၃၄ သိန်းကျော်ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။

ထို့ပြင် နိုင်ငံခြားငွေလဲနှုန်းသည် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၃၂၃၀ ရှိကြောင်း သိရသည်။

သို့သော် နိုင်ငံခြားငွေဈေးကွက်တွင်လည်း အရောင်းအဝယ်မရှိအေးနေကြောင်း ပြင်ပဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

” အရောင်းအဝယ်က‌တော့အေးတယ်”ဟု နိုင်ငံခြားငွေရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ဩဂုတ်လအထိ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလမှစတင်ကာ အကျဘက်သို့ ဦးတည်လာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here