အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတွင် ကလေးငယ် ၄၂၀ ခန့် နေ့စဉ် ‌ေ-သဆုံး/ဒဏ်ရာရနေဟု ကုလဆို

0
296

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ဒေသတွင် နေ့စဉ် ပျမ်းမျှအားဖြင့် ကလေး ၄၂၀ ခန့် ‌ေ-သဆုံး သို့မဟုတ် ဒဏ်ရာရရှိနေကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့(UNICEF) မှ ပြောကြားသည်။

“အောက်တိုဘာ ၇ ရက်ကတည်းကစပြီး ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်း ကလေးငယ် ပျမ်းမျှ ၄၂၀ နေ့စဉ် ‌ေ-သဆုံးဒဏ်ရာရတာတွေ ရှိနေပါတယ်” ဟု UNICEF ကဆိုသည်။

“ကိန်းဂဏန်းတွေက ကြောက်စရာကောင်းတယ်”ဟုလည်း UNICEF ပြောရေးဆိုခွင့်ရှိသူကပြောကြောင်း သိရသည်။

“ကလေးငယ် ၃၄၅၀ ကျော် ‌ေ-သဆုံးခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်၊ ဒီကိန်းဂဏန်းဟာ နေ့တိုင်း သိသိသာသာ တိုးနေတယ်။ “ဂါဇာဟာ ထောင်ပေါင်းများစွာသော ကလေးများအတွက် သင်္ချိုင်းတစ်ခုလိုဖြစ်လာနေတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ထိခိုက်‌ေ-သဆုံးမှု ၇၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ပါလက်စတိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆိုင်ရာ အေဂျင်စီ၏ မဟာမင်းကြီး Philippe Lazzarini က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here