အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသား ၃ ဦး ဒုတိယအသုတ်အဖြစ် ထပ်မံရောက်ရှိလာ

0
219

အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေရာမှ အစ္စရေးနိုင်ငံတွင်ဖြစ်ပေါ်နေသည့် စစ်ပွဲပဋိပက္ခကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား ၃ ဦး ဒုတိယအသုတ်အဖြစ် အောက်တိုဘာ ၃၁ ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့သည်။

မြန်မာအစိုးရ၏ အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကယ်ထုတ်ရေးစီမံချက်အရ အစိုးရအစီအစဥ်ဖြင့် အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးဖြင့်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား မောင်ယိမ်းတိန်၊ မောင်ခေါင်းဂျယ်နှင့် မထက်ထက်ဝေ တို့ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့ ၃ ဦးသည် အောက်တိုဘာ ၃၁ ရက်က တဲလ်အဗီးမှ လေကြောင်းခရီးစဥ် LY083(ELAL)ဖြင့် ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့သို့ ရောက်ရှိလာကာ ယင်းနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအမှတ် 8M334 ဖြင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

ပြန်လည်ရောက်ရှိလာသူ ၃ ဦးအား နိုင်ငံခြားရေး၀န်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာနတို့မှတာ၀န်ရှိသူများ၊လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်မိသားစု၀င်များက ကြိုဆိုခဲ့ကြသည်။

လက်ရှိအချိန်အထိ အစိုးရအစီအစဥ်ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် အစ္စရေးနိုင်ငံရောက်မြန်မာနိုင်ငံသား ၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here