အမေရိကသာ ဆက်၍ မပံ့ပိုးပါက ရုရှားသည် ယူကရိန်းတွင်အောင်နိုင်လိမ့်မည်ဟုပင်တဂွန်အကြီးအကဲဆို

0
306

ဝါရှင်တန်၊နိုဝင်ဘာ ၁

ဝါရှင်တန်အနေဖြင့် ယူကရိန်းသို့ထောက်ပံ့နေသည့် စစ်လက်နက်အထောက်အကူများ ကို ရပ်တန့်လိုက်ပါက ရုရှားအနေဖြင့် ယခုပဋိပက္ခတွင်အနိုင်ရသွားနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကဆိုခဲ့သည်။

ယူကရိန်းနှင့်အစ္စရေးအတွက်သာမက အမေရိကန်နယ်စပ်လုံခြုံရေးအစီအစဉ်များအတွက်ပါ အမေရိကန်သမ္မတက ဒေါ်လာ ၁၀၆ ဘီလျံအား အထက်လွှတ်တော်၏ ဘတ်ဂျက်ခွဲဝေရေးကော်မတီထံတောင်းဆိုခဲ့သည့်အပေါ် ကာကွယ်ရေးဝန်ကြီးနှင့်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်တို့က သက်သေခံပေးခဲ့သည်။

အမေရိကန်လွှတ်တော်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားကျူးကျော်ပြီးနောက် ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၁၁၃ ဘီလျံကို အတည်ပြုပေးထားပြီးဖြစ်သည်။

ရုရှားအားတိုက်ခိုက်နေသည့် ယူကရိန်းတပ်များဆီသို့ လက်နက်များ ဆက်လက်လွှဲပြောင်းပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံထက်မနည်းသည့် ရန်ပုံငွေထောက်ပံ့ပေးခဲ့သည်ဟုလည်း အိမ်ဖြူတော်ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here