စင်္ကာပူကြက်တောင်မယ်ကိုအနိုင်ယူပြီး ၁၆ ဦးအဆင့်သို့ တက်ရောက်သွားသည့် သက်ထားသူဇာ

0
289

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် BERGAMOT KL Masters Malaysia Super 100 ပြိုင်ပွဲတွင် စင်္ကာပူကြက်တောင်မယ်ကိုအနိုင်ယူပြီး ၁၆ ဦးအဆင့်သို့ တက်ရောက်သွားကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၁၀၄) ရှိ စင်္ကာပူကြက်တောင်မယ် Insyirah Khan နှင့် ယှဉ်ပြိုင်ကစားရာ ၂၁ မှတ် ၁၉ မှတ်၊ ၂၁ မှတ် ၁၆ မှတ်ဖြင့်အနိုင်ရခဲ့ကာ (၁၆) ဦးအဆင့်သို့တက်ရောက်သွားခြင်းဖြစ်သည်။

သက်ထားသူဇာသည် (၁၆) ဦးအဆင့်၌ ကမ္ဘာ့အဆင့် (၂၁၇) ရှိ ဗီယက်နမ်ကြက်တောင်မယ် Vũ Thị Trangနှင့် မနက်ဖြန်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အခြားမြန်မာကစားသမားတစ်ဦးဖြစ်သည့် ဖုန်းပြည့်နိုင်မှာ အိန္ဒိယကစားသမားကို ရှုံးနိမ့်ပြီး ၃၂ ဦးအဆင့်ဖြင့်ကျေနပ်လိုက်ရကောင်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here