နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်

0
210

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း၊အထူးဒေသ(၄)ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီမှ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ခဲ့သည်။

ဖြစ်ပေါ်လျက်ရှိသည့် မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခများကြောင့် ပြည်သူများအသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုနှင့်စစ်ဘေးရှောင်ဖြစ်ရမှုကိုလည်း စိတ်မကောင်းဖြစ်ရသည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် ဘက်မလိုက်သည့် နိုင်ငံရေးရပ်တည်ချက်အတိုင်း ရပ်တည်ကျင့်သုံးပြီး မည်သို့သော လက်နက်ကိုင်ပဋိပက္ခမျိုးတွင်မဆို မည်သည့် ပုံသဏ္ဌာန်မျိုးနှင့်မှ ဝင်ရောက်ပါဝင်ခြင်း၊စွက်ဖက်ခြင်းပြုမည်မဟုတ်ဟုလည်း ရေးသားပြောဆိုခဲ့သည်။

ထို့အတူ တိုင်းရင်းသားလူမျိုးစုများ၏ စည်းလုံးညီညွတ်ရေး၊ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးစုများအားလုံးအတွက် သဟဇာတဖြစ်သော၊ချမ်းသာကြွယ်ဝသော လူမှုပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတည်ဆောက်၍ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟုလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီမှ ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here