မလေးရှားနိုင်ငံသို့ရေကြောင်းမှတဆင့်ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ ICE များအား ကော့သောင်းမြို့ရှိ ပင်လယ်ပြင်မှဖမ်းဆီးရမိခဲ့

0
143

မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများဖြင့် ချိတ်ဆက်ကာ ပင်လယ်ရေကြောင်းမှတဆင့် မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ ICE များအား ကော့သောင်းမြို့ရှိပင်လယ်ပြင်မှ အောက်တိုဘာ ၃၀ ရက်က ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့က မြန်မာ့တပ်မတော်(ရေ)မှ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ မူးယစ်ဆေးဝါးသတင်းအရ မလေးရှားနိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းလာသည့် စက်လှေ ၁ စီးအား ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ကြသည်။

စက်လှေပေါ်၌ မင်းမင်းစိုး၊အောင်မင်းသူ၊သူရဦး (၁)၊ရန်ပိုင်စိုး၊မြင့်ထွန်း၊ဝင်းလှိုင်ဦး၊သူရဦး(၂)တို့အား GUANYINWANG စာတမ်းပါ အထုပ်များအ တွင်းမှ ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ ICE (၂၆၀၀ ကီလိုဂရမ်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်များအရ မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဂိုဏ်းများဖြင့်ချိတ်ဆက်ကာ ပင်လယ်ရေ ကြောင်း မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေပြီး မလေးရှားနိုင်ငံ ရေပိုင်နက်အ တွင်း၌ မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါးဝယ်ယူသူထံ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ ICE များနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင် ရာဥပဒေအရ ထိရောက်စွာအရေးယူရန် လုံခြုံ ရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here