ကျိုက်ထိုမြို့တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး မိုင်းဆွဲခံခဲ့ရပြီး ၈ ဦးဒဏ်ရာရ

0
193

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁ ရက်) ညပိုင်းက ခရီးသည်တင်မှန်လုံယာဉ် တစ်စီး မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ မော်လမြိုင်သို့ အသက် ၂၉ နှစ်အရွယ်ယာဉ်မောင်းဖြစ်သူ ကျော်ဖြိုးသူ မောင်းနှင်ပြီး အသက် ၂၄ နှစ်အရွယ် ယာဉ်နောက်လိုက်ဖြစ်သူ မင်းသူနှင့် ခရီးသည် ၄၀ ဦးခန့် လိုက်ပါလာသည့် “အောင်ကျော်မိုး” ခရီးသည်တင်မှန်လုံယာဉ်သည် နိုဝင်ဘာလ ၁ ရက် ည ၉ နာရီခန့်က ကျိုက်ထိုမြို့၊ ကျွန်းတောကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ် ရှိ PT Power စက်သုံးဆီ အရောင်းဆိုင်အနီး၌
မိုင်းထောင်ဖောက်ခွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသွားအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုပေးထားရကြောင်း သိရသည်။

Photo – CJ


LEAVE A REPLY

Please enter your comment!
Please enter your name here