အထောက်အထားမဲ့ မြန်မာအလုပ်သမားများ Certificate of Identity- CI ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေး မြန်မာနှင့် ထိုင်း ဆွေးနွေး

0
205

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများ Certificate of Identity- CI ဖြင့် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေး မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အရေးနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ (၃) ရက်မှ (၄) ရက်အထိ ကျင်းပမည့် အာဆီယံ – တရုတ်ဖိုရမ်သို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ လေကြောင်း ခရီးဖြင့်သွားရောက်စဉ်အတွင်း ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိရပ်နားစဉ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ၎င်းလေဆိပ်ရှိ အ ထူးဧည့်သည်တော်ခန်းမတွင် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် ထိုင်းနိုင်ငံဘက်မှ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ MoU လူသစ်စေလွှတ်ခြင်းနှင့် MoU U-turn စနစ်ဖြင့် လူဟောင်းပြန်လည်စေလွှတ်ခြင်းများအတွက် နှစ်နိုင်ငံပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်း တင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး ကိစ္စရပ်များအား နှစ်နိုင်ငံအကျိုးရလဒ်ကောင်းများ ပေါ်ထွက်စေရေး ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here