နောင်ပိန်တွင် တိုက်ပွဲရှောင်ပြည်သူ (၄၀၀) ဦးကျော်ရှိ၊ IRC မှအခြေခံပစ္စည်း (၆) မျိုးလှူဒါန်း

0
218

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောင်ပိန်သို့ ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များအတွက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC)မှ တစ်အိမ်ထောင်လျင် အခြေခံပစ္စည်း (၆) မျိုး လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့နိုဝင်ဘာ (၂) ရက်တွင် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီးခြင်ထောင်၊ စောင်၊ ဓာတ်မီးအကြီး၊ ပိုက်ဖျာ၊ ရေပုံး၊ သောက်ရေပုံး စသည့် အခြေခံပစ္စည်း (၆) မျိုး ပါဝင်ကာ စစ်ဘေးရှောင် မိသားစုဝင်များကို ကျေးရွာတာဝန်ရှိသူများနှင့် ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)တို့မှ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ယနေ့တွင် IRC မှ ပေးပို့လှူဒါန်းသည့် အခြေခံပစ္စည်း (၆) မျိုးအား စစ်ဘေးရှောင်အိမ်ထောင်စု (၉၂)စုကို လှူဒါန်းပေးခဲ့ပြီးနောက် ထပ်မံရောက်ရှိလာသည့် လှူဒါန်းပစ္စည်းများကိုလည်း ကျန်ရှိသည့် စစ်ဘေးရှောင်များကို လွှဲပြောင်းပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ နောင်ပိန်ရှိ အောင်ဓမ္မာရုံနှင့် ရှမ်းစာပေနှင့်ယဥ်ကျေးမှုကျောင်း(နောင်ပိန်)တို့တွင် စစ်ဘေးရှောင် (၄၀၀) ဦးကျော် ရောက်ရှိခိုလှုံလျက်ရှိကြောင်း သိရသည်။

Photo-ကမ်းလင့်လက်များ


LEAVE A REPLY

Please enter your comment!
Please enter your name here