အောက်တိုဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးရေတွင် အက်စ်ပါဝင်မှု မရှိသည့်အတွက် သောက်သုံးနိုင်ဟု မိုးဇလအသိပေး

0
157

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်များ၏ မြို့ကြီး (၄၁) မြို့ရှိ မိုးဇလစခန်း (၄၁) ခုတွင် အောက်တိုဘာလအတွင်း ရွာသွန်းခဲ့သည့် မိုးရေ၏ pH တန်ဖိုးများကို တိုင်းတာပြီးနောက် အသိပေးခဲ့ခြင်းဖြစ်သည်။

မိုးဇလစခန်း (၄၁) ခုတွင် မိုးရေတွင် အက်စစ်ဖြစ် ထွန်းမှုကိုသိရှိနိုင်ရန် မိုးရေများကို စုဆောင်းပြီးနောက် မိုးရေ၏ pH တန်ဖိုးများကို တိုင်းတာခဲ့ရာ အောက်တိုဘာလအတွင်းကရွာသွန်းခဲ့သည့်မိုးရေ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး(6.5 – 8.5)အတွင်းရှိကြောင်းအ သိပေးထားသည်။

ထို့ပြင် မိုးရေ၏ pH တန်ဖိုးသည် ၅ ဒသမ ၆ အဆင့်အောက်သို့ ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိ၍ အောက်တိုဘာလအတွင်းရွာသွန်းခဲ့သည့် မိုးရေနမူနမူနာများကိုတိုင်း တာချက်အရ မိုးရေများတွင် အက်စစ်ပါဝင်မှုမရှိကြောင်း မိုးဇလက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here