ယာဥ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးသည့် အစီအစဥ်ကို ယခုနှစ်ကုန်အထိသတ်မှတ်

0
317

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဥ်စစ်ဆေး ခြင်းမပြုဘဲ သက်တမ်းတိုးပေးခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်အထိ ထပ်မံသက်တမ်းတိုးပေးခဲ့ကြောင်း ကညန(နေပြည်တော်ရုံး)၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ထိုသို့ ထပ်မံသက်တမ်းတိုးခြင်းတွင် သက်တမ်းကုန်ဆုံးမည့် မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များအားလုံးကို ယာဥ်စစ်ဆေးခြင်းပြုသွားမည်မဟုတ်ကြောင်း သိရသည်။

ယာဥ်စစ်ဆေးပြီးမှသာ သက်တမ်းတိုးပေးမည့်ယာဥ်များမှာ အများပြည်သူသယ်ယူပို့ဆောင်သည့် ခရီးသည်တင်ကားများနှင့် ယာဥ်ပြန်လည်စစ်ဆေးရမည့် မော်တော်ယာဥ်အမျိုးအစားများသာဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here