BERGAMOT KL Masters Malaysia Super 100 ပြိုင်ပွဲတွင် ၁၆ ဦးအဆင့်ဖြင့်သာကျေနပ်လိုက်ရသည့် သက်ထားသူဇာ

0
171

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် BERGAMOT KL Masters Malaysia Super 100 ပြိုင်ပွဲတွင် ဗီယက်နမ်ကြက်တောင်မယ်ကို ရှံးနိမ့်ပြီး ၁၆ ဦးအဆင့်ဖြင့်သာကျေနပ်လိုက်ရကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ အထိ ချီးမြှင့်သွားမည် ဖြစ်‌ကြောင်း သိရသည်။

သက်ထားသူဇာသည် (၁၆) ဦးအဆင့်၌ ကမ္ဘာ့အဆင့် (၂၁၇) ရှိ ဗီယက်နမ်ကြက်တောင်မယ် Vũ Thị Trang နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၁၄ မှတ်၊ ၂၁ မှတ် ၁၉ မှတ်ဖြင့်ရှုံးနိမ့်သွားခဲ့သည်။

သက်ထားသူဇာသည် ပြီးခဲ့သည့် BNI Indonesia Master ပြိုင်ပွဲတုန်းကလည်း အင်ဒိုကြက်တောင်မယ်ကို ရှုံးနိမ့်ပြီး (၁၆) ဦးအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

သက်ထားသူဇာသည် အနီးစပ်ဆုံးပြိုင်ပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်မှ ၁၉ ရက်အထိ ဂျပန်တွင် ကျင်းပမည့် Kumamoto Master Japan 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here