အခွန်ရရှိမှုတိုးတက်လာကြောင်း နစက ဥက္ကဋ္ဌပြော

0
295

နိုင်ငံတော်ဘဏ္ဍာငွေရရှိရန် ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကိုချဲ့ထွင်၍ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သဖြင့် အခွန်ရရှိမှု တိုးတက်လာကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုဝင်ဘာ (၂) ရက် နံနက်ပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃)တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်ဘဏ္ဍာငွေရရှိရန် အခွန်ကောက်ခံရာ၌ အခွန်နှုန်းထားတိုးမြှင့်ကောက်ခံခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကို ချဲ့ထွင်၍ ထိထိရောက်ရောက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ကုန်ထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင်ပေါ် မူတည်၍ ထုတ်လုပ်ရသည့် သယံဇာတပစ္စည်း ထုတ်လုပ်မှုများကို သတိထား ဆောင်ရွက်ကြရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ထုတ်လုပ်ရန်လည်း မှာကြားခဲ့သည်။

မျိုးဆက်သစ်များကို အမွေပေးနိုင်ရန်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိစေရန်၊ ဗလငါးတန်ကောင်းမွန်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းလိုစိတ် ရှိလာစေရန် အဓိကရည်ရွယ်ပြီး အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ အမျိုးသားရေးအရ ဆောင်ရွက်ရသည့် ပွဲမျိုးကိုအားလုံးဝိုင်းဝန်း အားပေး ဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here