ဂါဇာကမ်းမြှောင်ရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းများ အစ္စရေးလေကြောင်းတိုက်ခိုက်မှုခံရ

0
175

ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ ခိုလှုံနေသော ကုလသမဂ္ဂမှ စာသင်ကျောင်းများကို အစ္စရေးကလေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ‌ေ-သဆုံးသူများရှိကြောင်း ကုလသမဂ္ဂ၏ အဓိက ကယ်ဆယ်ရေးအေဂျင်စီ(UNRWA)က အစ္စရေးလေတပ်ကို စွပ်စွဲလိုက်သောကြောင့် မိမိတို့သည် ဂါဇာကမ်းမြှောင်ဒေသကို လုံးလုံးလျားလျား ဝန်းရံထားပြီးဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ပြောကြားခဲ့သည်။

အစ္စရေးက ဂါဇာကမ်းမြောင်သို့ တင့်ကားများ၊ ဘူဒိုဇာများ၊ ခြေလျင်တပ်များနှင့် တိုက်ခိုက်ရေး အင်ဂျင်နီယာယူနစ်များ စတင်ချီတက်ပြီး တစ်ပတ်နီးပါးအကြာတွင် မိမိတို့သည် ဂါဇာမြို့တော်အား ဝိုင်းရံထားပြီးဖြစ်ကြောင်းနှင့် IDF ၏ အင်ဂျင်နီယာတပ်များကလည်း မြေအောက်ရှိ ရန်သူ့အခြေခံအဆောက်အအုံများကို ရှာဖွေ၍ ဖျက်ဆီးရေးများ လုပ်ဆောင်နေကြောင်း၊အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီကပြောကြားသည်။

ကုလသမဂ္ဂ၏ အဓိက ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဖိလစ်လာဇရီနီက အရပ်သားများ ခိုလှုံရာ ကုလသမဂ္ဂ လက်အောက်ခံ စာသင်ကျောင်း အများအပြားကို အစ္စရေးတို့က စစ်လေယာဉ်များ နှင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်း ပြောသည်။

“ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက လူပေါင်း ၂၀၀၀၀ လောက် ခိုလှုံနေတဲ့ ကျနော်တို့ရဲ့ စာသင်ကျောင်းသုံးကျောင်းဟာ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ အဲဒီသတင်းအရ လူ ၂၀ ကျော် ‌ေ-သဆုံးပြီး ကမ်းခြေစခန်းမှာလည်း တစ်ဦး‌ေ-သဆုံးပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)က မည်သည့် မှတ်ချက်မျှ မပြုသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here