တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင်နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုစနစ်စတင်​နေ

0
167

Industrial and Commercial Bank of China (ICBC) ရန်ကုန်ဘဏ်ခွဲ သည် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုစနစ် (CIPS) တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ် လုပ်ငန်းစတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်  ၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက ယွမ်ငွေဖြင့် နယ်စပ်ကုန်သွယ်ရေးကို စာရင်းရှင်းလင်းသည့်စနစ် စတင်ထူထောင်ပြီးနောက် CIPS စနစ်ကို မြန်မာနိုင်ငံ၌ စတင်အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံရှိ ယွမ်ငွေဖြင့်ပူးပေါင်းဆောင်ရွက်မှုတွင် ရရှိသည့် နောက်တစ်ခုအရေးပါတိုးတက်မှုဖြစ်ကာ ယွမ်ငွေကို မြန်မာနိုင်ငံ၌အသုံးပြုခြင်းကို ပိုမိုတိုးတက်မှုအား ကိုယ်စားပြုနေကြောင်းသံအမတ်ကြီး Mr. Chen Hai ကပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်နှင့် အောင်မြင်စွာချိတ်ဆက်ခဲ့ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံး CIPS တိုက်ရိုက်ဘဏ်အဖွဲ့ဝင်အနေဖြင့် နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်းအကြား ယွမ်ငွေပေးချေမှုလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ICBC ရန်ကုန်ဘဏ်ခွဲသည် CIPS စနစ်တွင် တိုက်ရိုက်အဖွဲ့ဝင်ဘဏ်အဖြစ်ပါဝင်ခြင်းသည် မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများက မိမိနိုင်ငံ၌ပင် CIPS တစ်ကမ္ဘာလုံးစာရင်းရှင်းလင်းမှုကွန်ရက်အား တိုက်ရိုက်အဆင်ပြေထိရောက်စွာ ပါဝင်နိုင်ခြင်းကို ဆိုလိုနေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနိုင်ငံဖြစ်ကြောင်း၊ CIPS စနစ်နှင့်ချိတ်ဆက်ခြင်းသည် မြန်မာ-တရုတ် နှစ်ဖက်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ သက်ဆိုင်ရာဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း မြန်မာ-တရုတ်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းပြီးလက်တွေ့ကျကျဆောင်ရွက်ရန် ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်းဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here