သင်္ဘောသားများ SID လျှောက်ထားရာတွင်ပွဲစားများနှင့်မပြုလုပ်ရန် MSF အသိပေး

0
213

သင်္ဘောသား လူဟောင်း၊ လူသစ်များ SID ကတ်လျှောက်ထားရာတွင်တဆင့်ခံ ပွဲစားများဖြင့် မပြုလုပ်ရန် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် MSF က အသိပေး ထုတ်ပြန်ထားသည်။

SID လျှောက်ထားရန် Online Booking ပြုလုပ်ရမည်ဖြစ်ပြီး စမ်းသပ်ကာလအတွင်း နေ့စဉ်လက်ခံမည့် လူဦးရေ အရေအတွက်အား အနည်းငယ်သာ လက်ခံပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစမ်းသပ်ကာလအတွင်း ပေါ်လွင်လာသည့် လုပ်ငန်းစဉ်ဆိုင်ရာ အားနည်းချက်၊ ချို့ယွင်းချက်များအား ပြင်ဆင်ဖြည့်စွက်လုပ်ကိုင်ပြီးပါက တစ်ရက်လျှင် SID အရေအတွက် (၃၀၀) ခန့် အထိ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်းလည်းဖော်ပြချက်အရ သိရသည်။

ထို့ပြင် SID လျှောက်ထားခြင်း၊ ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ မည်သည့်ပွဲစား (သို့မဟုတ်) ကြားခံလူတစ်ဦးတစ်ယောက်မျှခံ၍ လုပ်ကိုင်ခြင်းမပြုရန် အသိပေးထားသည်။

ယခုအချိန်ကာလတွင် SID ကဒ်အား သင်္ဘောသားကိုယ်စားလျှောက်ထားပေးမည်ဟု ကြေညာချက်ထုတ်နေသည့် ပွဲစားများအားတွေ့မြင်ကြားသိနေရပြီး SID ကဒ်၏ တန်ဖိုးထက် (၂) ဆနှင့် အထက်ခန့်ရှိသည့် ဝန်ဆောင်ခအားတောင်းခံနေသည်ကိုလည်း ကြားသိရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ကြောင့် ဖော်ပြချက်များအား ပိုမိုသိရှိလိုပါက DMA ဒေါပုံရုံး SID ထုတ်ပေးမည့်နေရာသို့ သွားရောက်စုံစမ်းရန် တိုက်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here