သာကေတမြို့နယ်မှ ပျောက်ဆုံး‌နေသည့် ကလေးငယ်အား နိုဝင်ဘာ (၂)ရက်က တောင်ဒဂုံ(၂၁)ရပ်ကွက်၌ ပြန်လည်တွေ့ရှိ

0
202

ပြီးခဲ့သည့် အောက်တိုဘာ (၂၉) ရက်က ပျောက်ဆုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှ အသက် (၇) နှစ်အရွယ် ကလေးငယ်အား နိုဝင်ဘာ (၂)ရက် ည (၇)နာရီအချိန့်က တောင်ဒဂုံမြို့နယ်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊(၁၃)ရပ်ကွက်၊ အ.မ.က(၃၄)သာကေတ ကျောင်းဝင်းအတွင်းရှိ ကျူးတဲတွင် နေထိုင်သည့် အသက် (၇) နှစ်အရွယ် မောင်မင်းခန့်အောင်မှာ အောက်တိုဘာ (၂၉)ရက်က နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပျောက်ဆုံးနေသော ကလေးငယ်အား (၄) ရက်အကြာ နိုဝင်ဘာ (၂)ရက် ည (၇)နာရီအချိန့်က တောင်ဒဂုံ(၂၁) ရပ်ကွက်၌ တွေ့ရှိရကြောင်း သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူတို့နှင့်အတူ သွားရောက်ခေါ်ဆောင်ပြီး နေအိမ်သို့ ပို့ဆောင်ပေးကာ အဖွားဖြစ်သူ လက်ထဲသို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here