သာကေတတွင် ကားတစ်စီးမှ ရပ်ထားသော တွဲကားအား ဝင်တိုက်၊ ယာဉ်မောင်းမှာ ကားအတွင်း ညပ်မိနေရာ ကူညီကယ်ထုတ်ခဲ့ရ

0
194

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၃)လမ်းထိပ်တွင် ကားတစ်စီးမှ လမ်းဘေးတွင် ရပ်ထားသော တွဲကားအား ဝင်တိုက်မိရာမှ ဝင်တိုက်သည့် ကားမှ ယာဉ်မောင်းမှာ ကားအတွင်း ညပ်မိနေရာ ကူညီကယ်ထုတ်ခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၃)လမ်းထိပ်တွင် နိုဝင်ဘာ (၃)ရက် ည (၇)နာရီ၊ (၄၀)မိနစ် အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ပြည်သူများမှ အကြောင်းကြားချက်အရ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီထွက်ခွာကူညီပေးခဲ့ကြောင်း သိရသည်။

“ကားတစ်စီးက လမ်းဘေးမှာ ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိလို့ တိုက်တဲ့ကားက ယာဉ်မောင်း ညပ်နေတာ။ ပြည်သူတွေ အကြောင်းကြားလာလို့ အချိန်နဲ့ တပြေးညီ ထွက်ခွာကူညီခဲ့တာ။ ယာဉ်မောင်းအမျိုးသားကို ကားထဲကနေထုတ် မြေပြင်ကုသမှုပေးပြီး မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ပြောဆိုသည်။

ဖြစ်စဉ်နေရာအရောက် အဆိုပါ ညပ်နေသော အသက်(၄၀)နှစ်ဝန်းကျင်ခန့် ယာဉ်မောင်း အမျိုးသားအား ရပ်ကွက်နေ ပြည်သူများ၊ မိတ်ဖက်ပရဟိတအသင်းများနှင့် ပူးပေါင်းကာ ကားထဲမှ ထုတ်၍ ကယ်ဆယ်ပေးခဲ့ရ ကြောင်း သိရသည်။

အဆိုပါ ယာဉ်မောင်း အမျိုးသားလူနာမှ (ဦးခေါင်းနှင့်လက်မောင်းထိခိုက်ဒဏ်ရာရ)အား မြေပြင်ကုသမှုပေးကာ မြင့်မြတ်အားမာန်လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here