၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘော ပြိုင်ပွဲတွင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ဗိုလ်ဆွဲ

0
324

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ပြိုင်ပွဲကျင်းပခဲ့ရာ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ဗိုလ်ဆွဲသွားကြောင်း သိရသည်။

ဗိုလ်လုပွဲကို နိုဝင်ဘာ ၃ ရက် နံနက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C) ၌ ကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို သုံးပွဲပြတ်၊ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို သုံးပွဲ တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲတွင် တစ်ဦးချင်းအကောင်းဆုံးဆု၊ အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယ ဆုရရှိ ကြသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ အမျိုးသားပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိကြသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်း၊ ပထမဆုရရှိသည့် ရှမ်း ပြည်နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၅)သင်းနှင့် အမျိုးသမီး အသင်း (၁၃)သင်းတို့မှ အားကစားသမား စုစုပေါင်း (၄၁၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here