မအူပင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့သစ်(၇)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

0
181

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့သစ်(၇)လမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

မအူပင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မြို့သစ်(၇)လမ်းတွင် နိုဝင်ဘာ (၃)ရက်၊ ည (၇)နာရီ (၄၀)မိနစ် အချိန်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မအူပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ ည (၈)နာရီ (၂)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ကျွမ်းရသည့် အကြောင်းရင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here