ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၌ ပါဝင်လိုသည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို EOI ဖိတ်ခေါ်ထား

0
389

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၌ ပါဝင်လိုသည့် နိုင်ငံသားပိုင်ကုမ္ပဏီများကို EOI ဖိတ်ခေါ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အထူးစီးပွားရေးဇုန်ဌာနခွဲမှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

အဆိုပါ အထူးစီးပွားရေးဇုန်၏ ကနဦး စီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပူပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်မှ အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ ပါဝင်သည့် Myanmar GED Consortium ဖွဲ့စည်းရေး စီစဉ်နေကြောင်းလည်း သိရသည်။

ထို့သို့ Myanmar GED Consortium တွင် ပါဝင်လိုသည့် နိုင်ငံသား ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှု အဆိုပြုလွှာ (Expression of Interest – EOI) တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ယင်းအပြင် ပါဝင်လိုသည့် ကုမ္ပဏီသည် သက်တမ်း (၁၀) နှစ်နှင့် အထက် (သို့မဟုတ်) အခြေခံအဆောက်အဦ တည်ဆောက်ရေး အတွေ့အကြုံ (၅)နှစ် ရှိရမည်ဖြစ်ပြီး ရခိုင်တို င်းရင်းသားကုမ္ပဏီဖြစ်ပါက သတ်မှတ်ကာလ လျှော့ပေါ့စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် (၃) နှစ်အတွင်း လုပ်ငန်းမှပျမ်းမျှဝင်ငွေ ဒေါ်လာသန်း (၂၀) သို့မဟုတ် ၎င်းနှင့် ညီမျှသည့် မြန်မာကျပ်ငွေ ရရှိရမည်ဖြစ်ပြီး နာမည်ပျက်စာရင်း၊ တားမြစ်ပိတ်ပင်ထားခြ င်း၊ အရည်အချင်းမပြည့်မီသည်ဟု သတ်မှတ်ထားသည့် ကုမ္ပဏီမဖြစ်ရဟု ဖော်ပြထားသည်။

ယင်းအဖွဲ့အစည်းတွင် ပါဝင်လိုကြောင်းစတင်အဆိုပြုသည့် အချိန်၌ အနည်းဆုံး ဒေါ်လာ (၅) သန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခု တင်ပြနိုင်သည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ကုမ္ပဏီတွင် လိုအပ်သည့် ပညာရှင်နှင့် အခြားကျွမ်းကျင်ဝန်ထမ်း လုံလောက်စွာ ခန့်ထားရမည်ဖြစ်ပြီး နည်းပညာကျွမ်းကျင်ဝန်ထမ်းများကို စီမံကိန်း၌ ထောက်ပံ့ပေးနိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် EOI အဆိုပြုလွှာကို တစ်စုံ ကျပ်တစ်သောင်းနှုန်းဖြင့် ဝယ်ယူနိုင်ပြီး ဒီဇင်ဘာ (၁၅) ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here