ထိုင်းနိုင်ငံ၌ လာမည့်ဒီဇင်ဘာမှစ၍ ညဖက်ဖျော်ဖြေရေးလုပ်ငန်းများအား နံနက်လေးနာရီအထိတိုးမြှင့်ဖွင့်လှစ်ခွင့်ပြု

0
201

ဘန်ကောက်၊နိုဝင်ဘာ ၄

ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က အရက်ဆိုင်များ၊ဘားများနှင့် အခြားသော ညဖက်ဖျော်ဖြေရေးလုပ်ငန်းပေါင်း ၂၀၀ ခန့်ကို ဒီဇင်ဘာလလယ်မှစ၍ နံနက် ၄ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သောကြာနေ့ကပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ၀န်ကြီးချုပ် ဆရီသာနှင့် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ယင်းသို့ ပိတ်ချိန်တိုးမြှင့်ပေးလိုက်သည့်နေရာများမှာ Silom၊ Ratchafapisek နှင့် RCA တို့ဖြစ်သည်။ ယင်းသို့အချိန်တိုးဖွင့်ခွင့်ပြုလိုက်သော်လည်း ဆူညံသံကြောင့် အခြားသူများကိုအနှောင့်ယှက်မဖြစ်စေရန်အတွက် အဆိုပါ ဖျော်ဖြေရေးအဆောက်အအုံများကို အသံလုံအောင်ပိတ်ထားရမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

ယခုအခါတွင် ထိုင်းသို့ဝင်သော နိုင်ငံတကာဧည့်များမှာ များလွန်းသဖြင့် လူဝင်မူကြီးကြပ်ရေးကောင်တာများတွင် တန်းစီနေကြသည်မှာ အတွင်းဖက်ရှိ dury free area နားကနေပင် အချို့ရက်များတွင်စီနေကြရသည်။(အထူးသဖြင့်သောကြာညနေပိုင်း)

Source : Khasod English


LEAVE A REPLY

Please enter your comment!
Please enter your name here