တက္ကသိုလ် ဝင်ခွင့်ရသူများ စာရင်းကို လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကြေညာမည်

0
321

ယခုပညာသင်နှစ်၏ ပထမနှစ် ဝင်ခွင့်ရသူများ၏ စာရင်းကို လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ကြေညာထားသည်။

ပထမနှစ် တက္ကသိုလ် နေ့သင်တန်းများ၏ ဝင်ခွင့်ရသူစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်အသီးသီး၌ ကြေညာထားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဝက်ဘ်ဆိုဒ် www.dhe.gov.mm တို့တွင်လည်း ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်အားလုံး၏ ပထမနှစ်မှ မဟာတန်းအထိ နေ့သင်တန်းများကို နိုဝင်ဘာ (၂၃) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်အရသိရသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီး ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်များကို လျှောက်ထားသူတိုင်း ဝင်ခွင့်ရထားကြပြီး ဘာသာပြောင်း၊ တက္ကသိုလ်ပြောင်း လျှောက်ထားလိုသူများ အတွက် တက္ကသိုလ်များ ဖွင့်လှစ်ပြီးမှသာ ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။

ပုံစာ – တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့်ပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here