ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အမေရိကန်၊ အီးယူတို့က ယူကရိန်းနှင့် စတင်ဆွေးနွေးနေ

0
323

ရုရှားနှင့် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပြတ်သားသော သဘောတူညီချက်တစ်ခုရရှိရန်အတွက် ယူကရိန်းတို့ဖက်မှ စွန့်လွှတ်ရမည့်အရာများအကြောင်း အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများက ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးနေပြီဟု အမေရိကန်ဖက်မှပါဝင်ဆွေးနွေးသူများ၏ပြောကြားချက်ကို ကိုးကား၍ NBC ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။

ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများက ပဋိပက္ခအဆုံးသတ်ရန် ဖြစ်နိုင်ချေရှိသည့်အကြောင်း ယူကရိန်းအစိုးရနှင့် ဆွေးနွေးညှိနှိုင်းနေကြခြင်းဖြစ်သည်ဟုလည်း ယင်းသတင်းကဆိုထားသည်။

“ဆွေးနွေးပွဲတွေမှာ ယူကရိန်းအနေနဲ့ သဘောတူညီချက်တစ်ခုရဖို့အတွက် လက်လျှော့ဖို့ လိုအပ်တဲ့အရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားပါတယ်” ဟု သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲအချို့ကို ပြီးခဲ့သည့်လအတွင်းက ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခသည် ရှေ့မတိုးနောက်မဆုတ်အခြေအနေသို့ ရောက်ရှိလာပြီး ယူကရိန်းအား အကူအညီများ ဆက်လက်ပေးအပ်နိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထင်ဟပ်နေကြောင်း NBC သတင်းဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က မိမိတို့သည် ပဋိပက္ခအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းရန် အမြဲတမ်း လမ်းဖွင့်ထားဆဲဖြစ်ပြီး ယူကရိန်းဖက်မှ လေးနက်သောအဆိုပြုချက်များကို မိမိတို့က အလေးထားတုံ့ပြန်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here