E Sports game များပါဝင်သည့် GG Fest 2023 ပြိုင်ပွဲကျင်းပ

0
359

E Sports game များပါဝင်သည့် GG Fest 2023 ပြိုင်ပွဲကို Rose Garden ဟိုတယ်၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခြင်းဖြစ်ပြီး ယနေ့မှစတင်၍ နှစ်ရက်တာကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ယင်းပြိုင်ပွဲသို့လူငယ်အများအပြားတတ်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် GG Fest 2023 ပြိုင်ပွဲသို့ MLBB World Champion ပြိုင်ပွဲ M4 ၏ ချန်ပီယံဖြစ်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၏ ECHO အသင်းမှ လာရောက်မည်ဖြစ်ကြောင်း၊ ပွဲတော်အတွင်း ဂိမ်းချစ်သူများအနေဖြင့် Cosplay ပြိုင်ပွဲ၊ PS4 ဂိမ်းပြိုင်ပွဲ အတွေ့အကြုံများ၊ အခြားသော ပျော်ရွှင်စရာ အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဂိမ်းသည် လူငယ်များကို စွဲလမ်းမှုဖြစ်စေသော်လည်း တဖက်တွင် ကမ္ဘာတဝန်းရှိလူငယ်များ ပရော်ဖက်ရှင်နယ်ကစားသမားများအဖြစ် Esport ပြိုင်ပွဲ ဂိမ်းများမှ ဝင်ငွေရရှိနေခြင်းဖြစ်သည်။

အာရှအားကစားပြိုင်ပွဲတွင်သာမက အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games)တွင်လည်း Esport အားကစားပြိုင်ပွဲများကို ဆုတံဆိပ်ချီးမြှင့်သည်အထိ ထည့်သွင်းလာကြပြီး မြန်မာနိုင်ငံအနေဖြင့်ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ၏ Esport ပြိုင်ပွဲတွင် Mobile Legends ကစားနည်းဖြင့် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ကာ ကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here