မြန်မာ – ရုရှား နှစ်နိုင်ငံတပ်မတော် ချစ်ကြည်ရေးပွဲ

0
232

မြန်မာ – ရုရှား နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မြဲစေရန် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲ့ဖျော်ဖြေပွဲကျင်းပခဲ့သည်။

ထိုပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ရုရှားရေတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့လည်း တက်ရောက်အားပေးခဲ့ကြောင်းလည်း သိရသည်။

ဖျော်ဖြေပွဲအခမ်းအနားတွင် မြန်မာ – ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရေး မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့နှင့် ရုရှားရေတပ် သံစုံတီးဝိုင်းအဖွဲ့တို့မှ တေးသီချင်းများ ၊ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ထို့အပြင် မြဝတီတေးဂီတအဖွဲ့က ” ဆန်းသစ်လှပ ပုဂံယိမ်းအက” အပါအဝင် ရုရှားတေးသီချင်းဖြစ်သည့် “Katyusha” သီချင်းနှင့် “Kalinka” သီချင်းတို့အား မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် တီးခတ်ပြီး ရုရှား အကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here