ရေထွက်ကုန်နှင့် CMP အထည်အလိပ်ကုန်များကို Cargo Flight ဖြင့် နေ့စဉ်ပျံသန်းမည်

0
242

မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် – ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ်တွင် ရေထွက်ကုန်နှင့် CMP အထည်အလိပ်ကုန်များကို Cargo Flight ဖြင့် နေ့စဉ်ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန် – ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် ငါးရှဉ့် (၁၃၀၂၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၄၄၉)ပုံး နှင့် ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း (၁၃၈၈၆ ကီလို) ပါရှိသော ပုံးအရေအတွက် (၆၇၃) ပုံးကို နိုဝင်ဘာ ၄ ရက်တွင်တင်ဆောင်ပျံသန်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန် – ကူမင်း – ရန်ကုန် Cargo Flight အားနေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

MNA လေကြောင်းလိုင်းမှ ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့်စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် အဆိုပါ Cargo လေယာဉ်ဖြင့် ရန်ကုန်မြို့မှ အခြေပြု၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိမြို့များနှင့် ကွာလာလမ်ပူ၊ စင်ကာပူ၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံတို့သို့ ကုန်တင်ခရီးစဉ်များ ကူးသန်းပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here