တောင်ကိုရီးယားသို့ မြန်မာအလုပ်သမားစေလွှတ်မှုလျော့ကျ

0
291

ပြီးခဲ့သည့်အောက်တိုဘာလတွင်တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီများမှတဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သားစေလွှတ်မှု လျော့ကျနေကြောင်း ဆိုးလ်မြို့၊ မြန်မာသံရုံး၏ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက လုပ်သားစေလွှတ်မှု အရေအတွက်သည် ထက်ဝက်ကျော်ကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယားသို့ အောက်တိုဘာလတွင် လုပ်သား ၃၃၂ ဦးကိုသာ စေလွှတ်နိုင်ခဲ့ပြီး၊ စက်တင်ဘာလတွင် တောင်ကိုရီးယားသို့ မြန်မာအလုပ်သမား ၇၃၃ ဦးစေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်အလုပ်သမားစေလွှတ်မှုအနေဖြင့် ဇူလိုင်လတွင် ၁၀၄၉ ဦး၊ သြဂုတ်လတွင် ၁၀၁၄ ဦး၊ စက်တင်ဘာလမှာ ၇၃၃ ဦး စေလွှတ်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံသို့ လုပ်သားများ စေလွှတ်ရာတွင် EPS စနစ်အပြင် ပြည်နယ်အစိုးရချင်း ချိတ်ဆက်၍ ရာသီချိန်လုပ်သား(Season Workers) များ စေလွှတ်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ MOU ထိုးနိုင်ရေး ဆောင်ရွက်မှုများလည်း ‌ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here